ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး လုပ်ငန်းစု Geoyong Group ရဲ့ လက်အောက်မှာ နှစ်ပေါင်းသုံးဆယ်ကျော် သစ္စာရှိရှိ အလုပ်လုပ်ပေးနေခဲ့တဲ့ Park Doohong ကို ကုမ္ပဏီဥက္ကဠကြီး ကျေးဇူးပြန်ဆပ်လိုက်ပုံကတော့ သူ့မိန်းမရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းပြီး သူ့ကိုပါ လက်စဖျောက် အပြတ်ရှင်းလိုက်တော့တာပါပဲ ကံကောင်းချင်တော့ Park Doohong ဘဝကနေ မရှုမလှ ဇာတ်သိမ်းခဲ့ရပေမယ့် နာမည်ကလွဲပြီး တခြားနေရာတွေမှာ မိုးနဲ့မြေလိုကွာခြားလွန်းတဲ့ နိုင်ငံကျော်အနုပညာရှင် Woo Doohong ရဲ့ ကိုယ်ထဲကို ရောက်သွားပြီး ဘဝသစ်စခွင့်ရလိုက်တယ် အဲ့လိုနဲ့ Park Doohong တစ်ယောက် Woo Doohong ရဲ့ ပျိုတိုင်းကြိုက်တဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ်ကို အသုံးချပြီး Idol ချောချောလေးတွေ ၊ Geoyong Group ထဲက မိန်းကလေးတွေ နဲ့ ပတ်ရှုတ်ရင်း သူ့အပေါ်ယုတ်မာခဲ့တဲ့ လူတွေကို လက်စားပြန်ချေတဲ့အကြောင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်…။